Swel Sone News http://www.swelsonenews.net Swel Sone News Tue, 03 Mar 2020 13:10:18 +0000 en-US hourly 1 https://wordpress.org/?v=5.3.2 145986959 ဖောင်ဒေးရှင်းရဲ့ထောက်ပံ့မှုနဲ့ ဘွဲ့ရရှိသွားတဲ့ ကျောင်းသူတွေအတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ပြေတီဦး http://www.swelsonenews.net/archives/1599 http://www.swelsonenews.net/archives/1599#respond Tue, 03 Mar 2020 13:10:18 +0000 http://www.swelsonenews.net/?p=1599 အင်ဂျင်နီယာတစ်ယောက်၊ ဆရာဝန်တစ်ယောက် မွေးထုတ်ပေးလိုက်နိုင်ပါပြီ။ပြေတီဦးဟာ သူ့ရဲ့ ဖောင်ဒေးရှင်းကနေ အင်ဂျင်နီယာ တစ်ယောက်၊ ဆရာဝန်တစ်ယောက် ထပ်မံထွက်ပေါ်လာလို့ ကျေနပ်ပီတိတွေဖြစ်နေတာကို တွေ့ရပါတယ်။

ပြေတီဦးကတော့ ဖောင်ဒေးရှင်းကနေ ထောက်ပံ့ပေးလိုက်တဲ့ ကျောင်းသူလေးတွေဟာ အခုဆိုရင် ဘွဲ့တွေကိုယ်စီရရှိသွားပြီဖြစ်လို့ ဝမ်းသာဂုဏ်ယူနေတာ တွေ့ရပါတယ်။ ကျောင်းသူ လေးတွေအတွက် ပြေတီဦးက အခုလို ဆုတောင်းစကားပြောထားပါသေးတယ်။

“မိမိရဲ့ မိသားစု မိမိရဲ့ပတ်ဝန်းကျင် နဲ့ အကူအညီလိုအပ်နေသူများကို တတ်နိုင်သလောက်လေးကူညီပြီး စိတ်ချမ်းသာသာမှုလေးတေ ပေးစွမ်းနိုင်ပါစေ။ မိမိရဲ့ မိသားစု မိမိရဲ့ပတ်ဝန်းကျင် နဲ့ အကူအညီလိုအပ် နေသူများကိုတတ်နိုင်သလောက်လေးကူညီပြီး စိတ်ချမ်းသာသာမှုလေးတေ ပေးစွမ်းနိုင်ပါစေ” ဆိုပြီးတော့မတ်လ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် ၂၀၁၄ ခုနှစ်ကစလို့ ငွေကြေး အထောက်အပံ့ နဲ့ ပညာသင်ကြားပေးခဲ့တဲ့ မညိုစိန်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး)မှ BE, Electronics ဘွဲ့ကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်က စပြီး ငွေကြေးအထောက်အပံ့နဲ့ ပညာသင်ကြားခဲ့တဲ့ မန္တလေးမြို့မှာ နေထိုင်တဲ့ ဆေးကျောင်းသူ မနှင်းနုနုလှိုင်ကလည်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့က University Of Medicine , Mandalay မှ MBBS ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပြီလို့ သိရပါတယ်။ အဆိုပါ ကျောင်းသူ နှစ်ယောက်ဟာ သူမတို့ရဲ့ ပညာရေးမှာ အထောက်အပံ့များစွာပေးအပ်ခဲ့တဲ့ ပြေတီဦး နဲ့ တကွ အလှူရှင်များစွာတို့ကို ကျေးဇူးတင်စာ လွှာ လေးတွေ ပေးပို့ခဲ့တာကိုလည်း ပြေတီဦးက ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။

ပြေတီဦး ဖောင်ဒေးရှင်း ဟာ အခုဆိုရင် ၁၁ နှစ်တာ ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ် ။ ဖောင်ဒေးရှင်း ကိုတော့ ၂၀၀၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ပြေတီဦးဖောင်ဒေးရှင်းကနေ ဆရာဝန် (၇၄) ယောက်၊ အင်ဂျင်နီယာ(၆)ယောက်၊ ဘွဲ့ရသူ ကျောင်းသားဦးရေ (၇၀) ယောက် မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ အယောက် ၁၀၀ ရှိတယ်လို့လည်း ပြေတီဦးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

ဆယ်လီရပ်ကွက်

]]>
http://www.swelsonenews.net/archives/1599/feed 0 1599
အိမ်ထောင်သက်တမ်း(၆)နှစ်ကျော်မှာ ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းလိုက်တဲ့ ရေဗက္ကာဝင်း http://www.swelsonenews.net/archives/1587 http://www.swelsonenews.net/archives/1587#respond Sun, 01 Mar 2020 12:16:42 +0000 http://www.swelsonenews.net/?p=1587 အဆိုတော် ရေဗက္ကာဝင်းကတော့ ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းလိုက်တာ (၃)လကျော်လောက် ရှိပြီလို့ ဆိုပါတယ်။

ရေဗက္ကာဝင်းက လက်ရှိ အိမ်ထောင်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာ ဖြစ်ပါတယ်။ ယခင်က အင်တာဗျူးတွေမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အတိအကျ ပြောပြလို့ ရတဲ့ အခြေအနေ တစ်ခုရောက်မှ ပရိသတ်တွေကို အသိပေးချင်တယ်လို့ ပြောခဲ့တဲ့ သူမက အခုချိန်မှာ ခင်ပွန်းနဲ့ တရားဝင် ကွာရှင်းလိုက်ပြီ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။ ယခုအချိန်မှာတော့ သူမစိတ်ကို အေးအေးဆေးဆေးဖြစ်အောင် အကောင်းဆုံး ကြိုးစားနေထိုင်နေတယ်လို့ ဆိုပါတယ်။

“တရားဝင်ကွာရှင်းလိုက်တာ (၃)လကျော်ပါပြီ စိတ်ပူပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။သုံး လအတွင်းမှာ အေးအေးဆေးဆေးပဲ ဖြစ်အောင် နေထိုင်ပါတယ်။ကိုယ့်ကိုချစ်တဲ့သူ ကိုယ့်ကိုနားလည်တဲ့သူနဲ့ပဲ ကိုယ်ဖြတ်သန်းတယ်။နောက်ပြီးရင် စိတ်လိုက်မာန်ပါ မလုပ်မိအောင် ကြိုးစားတယ်။အဲ့လိုပဲ နေပါတယ်။အစ်မကို အားပေးတဲ့ ပရိသတ်တွေရှိတယ်။ မိသားစုတွေ၊အစ်မမိတ်ဆွေတွေ အဲ့ဒါတွေကလည်း အစ်မအတွက် ခွန်အားပါ” လို့ သူမက ပြောပါတယ်။

အိမ်ထောင်ရေးပြိုကွဲသွားကလည်း သူမအနေနဲ့ ဖြစ်ချင်လို့ ဖြစ်ခဲ့တာမျိုး မဟုတ်ဘဲ မမျှော်လင့်ဘဲ ဖြစ်သွားခဲ့တာလို့ သူမက ဆိုပါတယ်။

“ဒီလိုမျိုး ဖြစ်သွားတာ အမှန်အတိုင်း ပြောရရင် ဖြစ်ချင်လို့တော့ မဟုတ်ဘူး။ လူဘဝဆိုတာ ဘယ်အရာမှ မမြဲဘူးလေ ကိုယ်ကိုတိုင်လည်း ရုပ်နဲ့ခန္ဓာ မမြဲဘူးလေ မမျှော်လင့်ဘဲ ဖြစ်သွားတယ် ဖြစ်ချင်လို့ ဖြစ်တာမျိုးမဟုတ်ဘူး ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်ဘဲ ထင်ပါတယ်။ အစ်မလည်းမြန်မာအမျီုးသမီး ဖြစ်တဲ့အတွက် မြန်မာအမျိုးသမီး သည်းခံတဲ့ ပုံစံအတိုင်းကတော့ အစ်မမှလည်း ရှိပါတယ်။တကယ်တမ်းကျတော့ ကိုယ်နေထိုင်အသက်ရှင်တဲ့အချိန်မှာ ကိုယ်သွားချင်တဲ့ ဘဝရည်မှန်းချက် ဘဝပန်းတိုင် တူညီတဲ့ လက်တွဲဖော်နဲ့ဆိုရင်တော့ ကောင်းတာပေ့ါနော်တစ်ယောက်ကို တစ်ယောက် သည်းခံပြီးတော့ နေထိုင်ရမှာကိုယ်သွားချင်တဲ့ပန်းတိုင်မတူဘူးဆိုရင် ကိုယ့်လမ်းကိုယ်လျှောက်လိုက်တာ ပိုကောင်းပါတယ်” လို့ သူမက ဖေဖော်ဝါရီ(၂၇)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shayi ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

သူမကတော့ အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ ရှေ့ဆက်လျှောက်ရမယ့် အနုပညာလမ်းကြောင်းကို အဆင်ပြေပြေ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။ရေဗက္ကာဝင်း နဲ့ ခင်ပွန်းဖြစ်သူ ကိုကောင်းကျော်ဆွေ တို့ ဇနီးမောင်နှံဟာ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့က Judson Church ဘုရားကျောင်းမှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကချင်တိုင်းရင်းသူလေး ရေဗက္ကာဝင်းကိုတော့ အချစ်သီချင်း ချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်

]]>
http://www.swelsonenews.net/archives/1587/feed 0 1587
နေဝင်းရဲ့မွေးနေ့မှာ မင်္ဂလာပွဲကျင်းပမယ်ဆိုတဲ့ နေဝင်းနဲ့အိမ့်ချစ်ချောတို့ စုံတွဲ http://www.swelsonenews.net/archives/1581 http://www.swelsonenews.net/archives/1581#respond Fri, 28 Feb 2020 13:17:55 +0000 http://www.swelsonenews.net/?p=1581 ဧပြီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။
နေဝင်းကတော့ ဇနီးလောင်း အိမ့်ချစ်ချောနဲ့ အတူအမှတ်တရတွေဖန်တီးဖို့ သူ့ရဲ့ မွေးနေ့မှာ မင်္ဂလာပွဲကျင်းပသွားမယ့် အကြောင်းပြောပြလာပါတယ်။

အဆိုတော် နေဝင်း(Snare) နဲ့ ချစ်သူလေး အိမ့်ချစ်ချောတို့ ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဧပြီလ ၂၅ ရက်နေ့ မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကိုတော့ ရန်ကုန်မှာပဲ ကျင်းပပြုလုပ်သွားမယ်လို့ မီဒီယာ အင်တာ ဗျူးတွေမှာ နေဝင်းက ပြောပြထားပါတယ်။

“ မင်္ဂလာပွဲကိုတော့ ဧပြီလ ၂၅ ရက်နေ့မှာ လုပ်ဖို့ ပြင်ဆင်ထားပါတယ်။ ပွဲလုပ်မယ့် နေရာကိုတော့ မသတ်မှတ်ရသေးဘူး။ ရန်ကုန်မှာပဲ လုပ်ဖြစ်ဖို့ များပါတယ်။ ဟန်းနီးမွန်းကတော့ ဘယ်ထွက်လို့ ထွက်ရမလဲမသိဘူး၊ ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ကြောက်နေရသေးတယ်။ မင်္ဂလာပွဲလုပ်မယ့်နေ့ကတော့ ကျွန်တော့် မွေးနေ့ပါ။ အသက် ၃၀ စွန်းစွန်းလေးပြည့်တယ်ပေါ့ဗျာ” လို့ ဆိုပါတယ်။

နေဝင်းကတော့ ချစ်သူလေး အိမ့်ချစ်ချောကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညက New Years Show ပွဲမှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်တာ ဖြစ်တဲ့အတွက် လူတိုင်း အားကျရလောက်တဲ့ Surprise လေးတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ချစ်သူ သက်တမ်းကတော့ အခုဆိုရင် ၁၀ နှစ်ကျော်လာခဲ့ပြီလို့ သိရပါတယ်။ အိမ့်ချစ်ချောကတော့ Travel Kueen ဆိုပြီးတော့ လူသိများလှတဲ့ ခရီးသွား Blogger လေးတစ်ယောက်ဖြစ်ပါတယ်။

နေဝင်းကတော့ အိမ်ထောင်ပြုပြီးရင်နေထိုင်ဖို့ ချစ်သူလေးစိတ်ကြိုက် အိမ်လေးတစ်လုံး ဝယ်ထားတယ်လို့ သိရပါတယ်။ ချစ်သူကိုလည်း အရမ်းအလိုလိုက်၊ အရမ်းချစ်တတ်သူ တစ်ယောက်လို့တောင် ပရိသတ်တွေက တင်စားထားပါသေးတယ်။

“အခုဆိုရင် ကျွန်တော်တို့နှစ်ယောက်အတူတူနေဖို့ အိမ်လေးဝယ်လိုက်ပြီ။ ဒါလေးတွေကလည်း အရင်ကတည်းက ရည်ရွယ်ထားတာလေးတွေပေါ့နော်။ ကျွန်တော့် ကောင်မလေးကို ချစ်တယ်ဆိုတာကလည်း ကိုယ့်နည်း၊ ကိုယ့်ဟန်လေးနဲ့ ကျူတာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်က အဆိုတော် တစ်ယောက်ဖြစ်နေတာကြောင့် ပရိသတ်က ပိုသတိထားမိတာ ဖြစ်ပါလိမ့်မယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

နေဝင်း(Snare) ကိုတော့ Rap သီချင်းတွေ သီဆိုတဲ့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးသားဖြစ်သလို အဆိုတော် ဖြိုးလေးနဲ့ ပူးပေါင်းပြီး Snare အဖွဲ့ အနေနဲ့ သီချင်းအခွေတွေအများကြီး ထွက်ရှိထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဦးဆောင်တဲ့ Frenzo Production နဲ့ ပူးပေါင်းပြီး သီချင်းအခွေတွေ၊ ဂီတဖျော်ဖြေပွဲတွေ သီဆိုနေတာကိုလည်း တွေ့ရပါတယ်။

Source : Cele Yatkwat

]]>
http://www.swelsonenews.net/archives/1581/feed 0 1581
တတိယမြောက်ရင်သွေးငယ်သမီးလေးကို ပိုင်ဆိုင်ထားတာ ၆ လရှိပြီဆို အာဇာနည်ရဲ့မိန်းမ ၀မ်း http://www.swelsonenews.net/archives/1575 http://www.swelsonenews.net/archives/1575#respond Thu, 27 Feb 2020 14:09:28 +0000 http://www.swelsonenews.net/?p=1575 အဆိုတော် Rဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ အခုဆိုရင် ၁၆ နှစ်ရှိပါပြီ။ အခက်အခဲများစွာလည်း ရင်ဆိုင်ခဲ့ရသလို အတူတူ ဖြတ်သန်းရတဲ့ အရာတွေမှာလည်း ဖေးမ ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ R ဇာနည်ကတော့ သားလေး ဖစ်ဖစ်တုန် ချစ်ချစ်တုန်တို့နဲ့ အတူပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်ကြီးအတွက် ဝမ်းသာစရာသတင်းလေးကို အာဇာနည်ရဲ့ ဇနီးဖြစိသူ ဝမ်းကပြောပြလာခဲ့ပါတယ်။ အဲ့ဒါကတော့ တတိယမြောက် ရင်သွေးသမီးငယ်လေးရှိနေပြီဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ တတိယမြောက်ရင်သွေးငယ်သမီးလေးကို ပိုင်ဆိုင်ထားတာ ၆ လရှိပြီလို့ အာဇာနည်ရဲ့မိန်းမ ၀မ်း ကပြောပြလာခဲ့ပါတယ်။ ဖစ်ဖစ်တုန်တို့ ညီအကိုကလဲ ညီမလေးရတော့မှာမို့ အရမ်းကိုပျော်နေကြပါတယ်။ နှစ်ယောက်သား ဗိုက်နားလာပြီး ညီမလေး ညီမလေးနဲ့ စကားလာလာပြောနေတယ်လိူ့ ဝမ်းကပြောခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် ဝမ်းရဲ့ intervew ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ တတိယမြောက် ရင်သွေးသမီးငယ်လေးရတော့မယ် R ဇာနည်အတွက် ဂုဏ်ပြုစကားလေးပြောပေးခဲ့ကြပါဦးနော်။

video ကြည့်ရန်

]]>
http://www.swelsonenews.net/archives/1575/feed 0 1575
တော်တော်လေး ထိခိုက်နေတဲ့ မေသန်းနုရဲ့ ကျန်းမာရေးအခြေအနေကိုပြောလာတဲ့ စင်ရော်မောင်မောင် http://www.swelsonenews.net/archives/1569 http://www.swelsonenews.net/archives/1569#respond Thu, 27 Feb 2020 07:49:01 +0000 http://www.swelsonenews.net/?p=1569 မဆင့်ကို သွားတွေ့တဲ့အချိန်မှာ သူ့မျက်နှာတော်တော်မကောင်းဘူး။ အပြစ်ဒဏ်ခံနေရတဲ့ အချိန်မှာ စိတ်ဓာတ်တွေလည်းကျနေရှာတဲ့ မေသန်းနု အတွက် စိတ်မကောင်းတော်တော်ဖြစ်ရတယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။

သရုပ်ဆောင် မေသန်းနုကတော့ အပြစ်ဒဏ်ခံနေရတဲ့အချိန်မှာ ကျန်းမာရေး တော်တော်လေး ထိခိုက်နေတယ်လို့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်က ပြောပါတယ်။ ဒါပေမယ့် မဆင့်က ဘုရား၊ တရားတော့ အမြဲတမ်း လုပ်နေတယ်လို့ ဆိုပါတယ်။

“မဆင့်ရဲ့ ကျန်းမာရေးအခြေအနေကတော့ နည်းနည်းကျလာတယ်။ ကျွန်တော် သွားတွေ့တုန်းကလည်း သူ့မျက်နှာ တော်တော်မကောင်းဘူး။ သူ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဒီကိစ္စတွေ ကြာလာတော့ သူ စိတ်ဓာတ်ကျတဲ့အကြောင်းတွေ သူ့ကို သွားတွေ့တဲ့သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ တော်တော် ထိခိုက်ရတဲ့အကြောင်းပြောတယ်။ သူ ထောင်ထဲမှာ တရားတွေထိုင်တယ်လို့ သူ့ထောင်ပိုင်တို့ ညွှန်မှူးတို့က ပြောတယ်။ ထောင်ထဲမှာတောင် သူ ဆွမ်းကျွေးတယ်လို့ ကြားတယ်။ ထောင်ထဲကလူတွေ ကတော့ သူတို့ချစ်တဲ့ အနုပညာရှင်တစ်ယောက် အနေနဲ့ စောင့်ရှောက်ကြတယ်လို့လည်း ကျွန်တော်ကြားမိတယ်။ သို့သော် အကြာကြီးတော့ နေဖို့မကောင်းဘူးပေါ့နော်” လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေဆိုခဲ့ပါတယ်။

စင်ရော်မောင်မောင်ဟာ မေသန်းနုရင်ဆိုင်နေရတဲ့ အမှုကိစ္စတွေနဲ့ပတ်သက်ပြီး ပါဝင်ကူညီဖြေရှင်းပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါအမှုမှာ တရားလိုဘက်က တရားမမျှတမှုတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။ မေသန်းနုကို တရားစွဲဆိုထားတဲ့ တရားလို ဒေါ်စန်းစန်းမြင့်နဲ့ ငွေကြေးဆိုင်ရာကိစ္စတွေကို သွားရောက်ညှိနှိုင်းခဲ့ပေမယ့်လည်း တရားလိုဘက်က လက်မခံတာကြောင့် တရားဥပဒေအတိုင်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ်လို့ စင်ရော်မောင်မောင်က ပြောပါတယ်။ ဒီအမှုကို အားတက်သရော ပါဝင်လာခဲ့တာဟာ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ ခံစားချက်ကို ဖခင်တစ်ယောက်အနေနဲ့ မကြည့်ရက်တော့တာကြောင့်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါသေးတယ်။

လက်ရှိမှာလည်း မင်းသန့်မောင်မောင်ဟာ မိခင်ဖြစ်သူရဲ့ အမှုကိစ္စတွေကြောင့် တော်တော်လေးကို စိတ်ထိခိုက်နေတယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။ အမေကို အရမ်းချစ်တဲ့ သားဖြစ်တာကြောင့်လည်း အခုလို ကိစ္စရပ်မျိုးမှာ သာမန်ထက် ပိုပြီး ခံစားနေရတယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

“ သားကလည်း မဆင့်ထောင်ကျတဲ့ညက တော်တော် ထိခိုက်သွားတယ်။ ပြီးတော့ ထောင်မှူးလည်းပါတယ် ထောင်ထဲမှာ တွေ့လိုက်ရတဲ့အချိန်က လှိမ့်နေအောင် သူ ခံစားရတယ်။ နောက်တစ်ခုက သူ့အမေ မွေးနေ့ သူ့ ဖေ့စ်ဘွတ်မှာ ရေးထားတာ တွေ့ရမှာပါ။ သူ အပြင်မသွားဘူး။ အိမ်မှာနေတယ်၊ ကျွန်တော်လည်း အားပေးစကားပြောတယ်။ သူလည်း လူပဲဗျာ စိတ်လည်း တော်တော်လေး ထိခိုက်သွားရှာတယ်။

မေသန်းနုကတော့ လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ထောင်ဒဏ် တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူမကို တရားစွဲဆိုထားတဲ့ ဒေါ်စန်းစန်းမြင့်ကလည်း သင်္ဃန်းကျွန်းတရားရုံးမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုးတရားခံအဖြစ် စွပ်စွဲထားတာဖြစ်ပြီး ကမာရွတ် တရားရုံးမှာလည်း မေသန်းနုကို ထပ်မံ တရားစွဲဆိုထားသေးတယ်လို့ သိရပါတယ်။ သူမအတွက် အနုပညာအသိုင်းအဝိုင်း ကရော၊ ပရိသတ်တွေ၊ မိသားစုတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။

ဆယ်လီရပ်ကွက်

]]>
http://www.swelsonenews.net/archives/1569/feed 0 1569
ဒုတိယ ရင်သွေးလေး ထပ်ရပြီ ဖြစ်တဲ့ မြင့်မြတ် http://www.swelsonenews.net/archives/1566 http://www.swelsonenews.net/archives/1566#respond Thu, 27 Feb 2020 05:23:59 +0000 http://www.swelsonenews.net/?p=1566 မြင့်မြတ်ဆိုတာကတော့ အကြမ်း ၊ အရမ်း ၊ အလွမ်း ၊ ဟာသ အစုံရတဲ့ မင်းသားတစ်ယောက်ပါ ။ လက်ရှိမှာ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ပလေယာ ဆိုတဲ့ ဇာတ်ကားကတော့ အထူး လူကြိုက်များနေပြီး ထပ်ပြီးလည်း ဇာတ်ကားကောင်းတွေ ရိုက်ဖို့ ပရိသတ်တွေက မျှော်လင့်နေပါတယ် ။

ဒီလိုမျိုး စွယ်စုံရ ကိုမြင့်မြတ်တို့ကတော့ နောက်ထပ်တစ်ခုကို စွမ်းဆောင်လိုက်ပြန်ပါပြီ ။ အကြောင်းကတော့ ဒုတိယကလေး ထပ်မံရတာပဲ ဖြစ်ပါတယ် ။ ဘိုဘိုထုတ်လုပ်ရေး ရဲ့ ပိုင်ရှင် ကိုဘိုစန်းတစ်ယောက် က ” မြတ်သူလေးနဲ့ ဆော့ဖို့နောက်တစ်ယောက်တဲ့
Congratulation ကွီးမြင့်မြတ်ရေ🍾 ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်ပေါ် ရေးသားခဲ့တာကြောင့် ပရိသတ်တွေက မြင့်မြတ်တစ်ယောက် ဒုတိယကလေးထပ်မံရတော့မယ် လို့ ထင်ကြေးတွေပေးနေကြပါပြီ ။

အခုထိတော့ ယောက်ျားလေးလား ၊ မိန်းကလေးလား မသေချာသေးပေမဲ့ ပရိသတ်တွေကတော့ ကိုမြင့်မြတ်ရဲ့ဒုတိယရင်သွေးလေးကို အချစ်တွေပိုဖို့ အဆင်သင့်ဖြစ်နေပါပြီ တဲ့ ခဗျား ……

]]>
http://www.swelsonenews.net/archives/1566/feed 0 1566
၇ လအရွယ် သမီးလေး Treasure နဲ့အတူ ကျောင်းလိုက်တက်ပေးခဲ့တဲ့ မေမေစန္ဒီမြင့်လွင် http://www.swelsonenews.net/archives/1554 http://www.swelsonenews.net/archives/1554#respond Thu, 27 Feb 2020 04:46:52 +0000 http://www.swelsonenews.net/?p=1554 မေမေစန္ဒီမြင့်လွင်က သမီးလေး Treasure နဲ့အတူတူ ကျောင်း လိုက်တက်ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရှားရှားပါးပါး Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ဟာ ဂီတပိုင်းမှာတင်အောင်မြင်ရုံမက သရုပ်ဆောင်ပိုင်းမှာပါ အားသန်သူတစ်ဦးပါ။ အနုပညာမျိုးရိုးဂုဏ်ကြီးသူဖြစ်တာကြောင့်လည်း အနုပညာနဲ့ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်နေတယ်လို့ ဆိုရမှာပါ။

၂၀၁၉ ခုနှစ် ဂျူလိုင်လအတွင်းမှာပဲ သမီးလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ တစ်နေ့တစ်ခြား သူမနဲ့ တူတူလာတာကြောင့်လည်း ဝဝကစ်ကစ်လေးမို့ ပရိသတ်တွေက ချစ်မဝဖြစ်နေခဲ့တာပါ။ သမီးဦးလေးဖြစ်တဲ့ Treasure လေးကို အသည်းခိုက်မတတ်ချစ်တဲ့ မေမေ စန္ဒီမြင့်လွင်က သမီးလေးနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို ဂရုတစိုက်ရှိလှပါတယ်။

ဒီနေ့မှာလည်း ၇ လအရွယ်သူမရဲ့ သမီးလေး Treasure လွင်လေးကို ဦးနှောက်စွမ်းရည် ပိုမိုထက်မြက်လာအောင် Myanmar Plaza မှာရှိတဲ့ ကျောင်းကိုသူမနဲ့အတူ တက်စေခဲ့ပါတယ်။

ဒီ Pre School လေးဟာ လသားလေးကစပြီး မိဘတွေနဲ့အတူတက်ရောက်ရတဲ့ ကျောင်းလေးဖြစ်ပါတယ်။ သမီးလေးရဲ့ အနာဂတ်အတွက်ရှေးရှုပြီးတော့ ခုတည်းက ပြုစုပျိုးထောင်ပေးနေပြီဖြစ်တဲ့ စန္ဒီမြင့်လွင်တို့ သားအမိ နှစ်ယောက်လုံးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။

Cele Star

]]>
http://www.swelsonenews.net/archives/1554/feed 0 1554
ငယ်ငယ်ကတည်းကလူမိုက်ရုပ်အချေရုပ်နဲ့ စူပုတ်နေတာတောင် ချစ်တဲ့သူများတာတော့အားနည်းချက်ဆိုတဲ့ ချောရတနာ http://www.swelsonenews.net/archives/1549 http://www.swelsonenews.net/archives/1549#respond Wed, 26 Feb 2020 14:56:32 +0000 http://www.swelsonenews.net/?p=1549 ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာကတော့ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေနဲ့ နည်းနည်းအလှမ်းဝေးကွာနေပြီး ကိုယ်ပိုင်မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါကတည်းက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာပါနော်။ပရိသတ်တွေကတော့ ယနေ့အချိန်ထိလည်း ချောရတနာကို အားပေးချစ်ခင်နေကြဆဲဖြစ်ပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို မျှော်လင့်နေကြတာပါ။

အခုချိန်မှာဆိုရင်တော့ ချောရတနာက သားတစ်ယောက်၊သမီးတစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပြီး မိသားစုကိုသာ လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ချောရတနာရဲ့ သားနဲ့သမီးကလည်း ချစ်မွှေးလေးတွေပါပြီး တွေ့မြင်တဲ့သူတိုင်းက ချစ်ကြတဲ့ ကလေးလေးတွေဖြစ်ပါတယ်နော်။ချောရတနာကတော့ ကလေးနှစ်ယောက်မွေးဖွားထားတဲ့ မိခင်တစ်ယောက်လို့ထင်ရက်စရာမရှိရလောက်အောင် နုငယ်ပျိုမျစ်နေတာဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါကတည်းက အရပ်ရှည်ရှည်နဲ့ သွယ်လျလှပတဲ့ခန္ဓာကိုယ်အလှကိုပိုင်ဆိုင်ထားပြီး မျက်နှာအလှလေးကလည်းပြီးပြည့်စုံပါတယ်နော်။အခုဆိုရင်တော့ ချောရတနာက”ငယ်ငယ်ကတည်းကလူမိုက်ရုပ်အချေရုပ်နဲ့ အဲ့လိုစူပုတ်နေတာတောင် ချစ်တဲ့သူများတာတော့ ကိုယ့်အားနည်းချက်လေ”ဆိုပြီး ရေးသားထားကာ ကျောင်းသူဘဝတုန်းက ချစ်စရာပုံရိပ်လေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာ ပရိသတ်ကြီးအတွက် မျှဝေပေးလာခဲ့တာဖြစ်ပါတယ်။

]]>
http://www.swelsonenews.net/archives/1549/feed 0 1549
ဖြူဖွေးလှတဲ့ ပေါင်တံသွယ်သွယ်လေးပေါ်လွင်သွားလောက်အောင် အလန်းစားပို့စ်တွေပေးနေတဲ့ သင်ဇာရဲ့ဗီဒီယို http://www.swelsonenews.net/archives/1544 http://www.swelsonenews.net/archives/1544#respond Wed, 26 Feb 2020 13:13:38 +0000 http://www.swelsonenews.net/?p=1544 မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပကတိအတိုင်း ချောမောလှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသလို ခန္ဓာကိုယ်လေးကလည်း အချိုးအစားပြေပြစ်လွန်းသူလေး ဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက်လှပတဲ့ သင်ဇာက အမိုက်စားကောက်ကြောင်းအလှပိုင်ရှင်လေးဖြစ်တာကြောင့် ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို ဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာက သူမတူတဲ့အလန်းစားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိသူလည်း ဖြစ်ပါတယ်။

နာမည်တစ်လုံးနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ သင်ဇာက ပုရိသတွေကြားမှာ ရေပန်းစားနေသလို အားလုံးရဲ့စိတ်ဝင်စားမှု ရရှိနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာတစ်ယောက် ပွဲအခမ်းအနားတွေဆက်တိုက်တက်ရောက်နေရပြီး အခုလည်း ငွေဆောင်ကမ်းခြေမှာ ရိုက်ကူးရေးပြုလုပ်နေရတာ ဖြစ်ပါတယ်။ ခပ်မိုက်မိုက်ဖက်ရှင်လေးကို ဝတ်ဆင်ထားတဲ့ သင်ဇာကတော့ စတိုင်အပြည့်နဲ့ အထာကျနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် သင်ဇာက သူမရဲ့ဖြူဖွေးလှတဲ့ ပေါင်တံသွယ်သွယ်လေးပေါ်လွင်သွားလောက်အောင် အလန်းစားပို့စ်တွေပေးပြီး အလှပုံလေးတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ မျက်မှန်တစ်လက်တပ်ပြီး ခရီးဆောင်အိတ်လေးဆွဲကာ လမ်းလျှောက်လာတဲ့ သင်ဇာရဲ့ပုံစံကလည်း တကယ့်ကိုကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့အမိုက်စားဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Thin Zar Wint Kyaw’s IG Story

]]>
http://www.swelsonenews.net/archives/1544/feed 0 1544
အနုပညာအလုပ်တွေထက် ရှေ့နေအလုပ်ကို ပိုဦးစားပေးနေတဲ့ ပြည့်ဖူးခိုင် http://www.swelsonenews.net/archives/1542 http://www.swelsonenews.net/archives/1542#respond Wed, 26 Feb 2020 12:09:59 +0000 http://www.swelsonenews.net/?p=1542 သရုပ်ဆောင်ပြည့်ဖူးခိုင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် သူတက်ထားတဲ့ ရှေ့နေအလုပ်ကို တစိုက်မတ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရှေ့နေတစ်ယောက်အဖြစ် သူ တာဝန်ယူထားရတဲ့ အပိုင်းတွေကို ပြောပြလာပါတယ်။

“ ရှေ့နေတစ်ယောက်ဆိုပေမယ့် အရမ်းကြီးတဲ့ ရာဇဝတ်မှုမျိုး အမှုကို မလိုက်သေးဘူး။ အခုချိန်မှာ စီးပွားရေးအရ တစ်ယောက်နဲ့တစ်ယောက် စာချုပ်ချုပ်ဆိုကြတဲ့ ကိစ္စလေးတွေဆောင်ရွက်ဖြစ်တယ်။ ဥပဒေနဲ့ ပတ်သက်ပြီး ရုံးတွေမှာ ဆရာမနဲ့ အတူတူ လိုက်နားထောင်ဖြစ်တာတွေတော့ရှိတယ်။ ကိုယ်က မင်းသမီးလည်း ဖြစ်တယ်၊ ရှေ့နေ အလုပ်လည်း လုပ်နေတယ် ဒါကြောင့် ဝတ်စားဆင်ယင်မှုအပိုင်းမှာ သေချာလေး ဂရုစိုက်ရတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပွင့်ဦးဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။

အနုပညာအလုပ်တွေ လုပ်နေရင်းက ပညာရေးဘက်ကို ပိုပြီး ဦးစားပေးလိုက်တဲ့ ပြည့်ဖူးခိုင်က ဥပဒေအလုပ်နဲ့ ပတ်သက်ပြီး တရားခွင်တွေမှာ ကိုယ်တိုင်သွားရောက်လေ့လာလျှက်ရှိတယ်လို့ ဆိုပါတယ်။ အနုပညာရှင်တစ်ယောက်နဲ့ ရှေ့နေတစ်ယောက်ရဲ့ အနေအထားတွေက ကွာခြားတယ်ဆိုတဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပြန်ပါသေးတယ်။

“ မင်းသမီးတစ်ယောက်ဆိုပေမယ့် ဥပဒေအကြောင်း သေချာနားမလည်ပဲ ရှေ့နေလုပ်လည်း အရည်အချင်းမရှိဘူးပေါ့နော်။ စာတွေလည်း အများကြီးဖတ်ရတယ်။ အခုလက်ရှိမှာလည်း ဆရာမနဲ့ လက်တွဲပြီး အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်အတွေ့အကြုံတွေ သိပ်မရှိသေးပါဘူး။ မဟုတ်ပဲ ရှေ့နေတစ်ယောက်အနေနဲ့ ကိုယ့်ဆီကို အမှုသည်တွေက မသိတာ၊ နားမလည်တာ လာမေးတာမျိုးဆိုရင် သေချာ ရှင်းပြပေးတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး နားလည်တဲ့ အတတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် အမှုသည်တွေကလည်း သူတို့ လိုချင်တဲ့ အရာလေးတွေ၊ ပြောပြချင်တာလေးတွေကို တလေးတစားနဲ့ တိုင်ပင်ကြပါတယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

ပြည့်ဖူးခိုင်ဟာ အနုပညာအလုပ်ကိုလည်း ဝါသနာကြီးသူ ဖြစ်တာကြောင့် မစွန့်လွှတ်နိုင်သေးဘူးလို့ သိရပါတယ်။ လက်ရှိမှာ တီဗီကြော်ငြာလေးတွေသာ ရိုက်ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ သူကိုယ်တိုင်ရိုက်ချင်တဲ့ ဇာတ်ရုပ်လေးတွေကို စဉ်းစားထားတာ ဖြစ်တဲ့အတွက် ဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းတဲ့အခါ တိုက်ဆိုင်မှုရှိတဲ့ ကာရိုက်တာမျိုးဆို လက်ခံရိုက်ကူးသွားမယ်လို့လည်း အင်တာဗျူးမှာ ထည့်သွင်းပြောပြခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေလက်ခံနိုင်မယ့် ဇာတ်ကားမျိုး ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

ပြည့်ဖူးခိုင်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာပါ။ အဲဒီနောက် ဂီတနဲ့ ပတ်သက်ပြီး သီချင်းလေးတွေလည်း သီဆိုခဲ့သလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပြီး ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။စွယ်စုံရအနပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမကတော့ အနပညာအလုပ်တွေကနေရပ်နားထားပေမယ့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်

]]>
http://www.swelsonenews.net/archives/1542/feed 0 1542