Swel Sone News

Swel Sone News

နေဝင်းရဲ့မွေးနေ့မှာ မင်္ဂလာပွဲကျင်းပမယ်ဆိုတဲ့ နေဝင်းနဲ့အိမ့်ချစ်ချောတို့ စုံတွဲ

/
/
86 Views
img

ဧပြီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။
နေဝင်းကတော့ ဇနီးလောင်း အိမ့်ချစ်ချောနဲ့ အတူအမှတ်တရတွေဖန်တီးဖို့ သူ့ရဲ့ မွေးနေ့မှာ မင်္ဂလာပွဲကျင်းပသွားမယ့် အကြောင်းပြောပြလာပါတယ်။

အဆိုတော် နေဝင်း(Snare) နဲ့ ချစ်သူလေး အိမ့်ချစ်ချောတို့ ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဧပြီလ ၂၅ ရက်နေ့ မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကိုတော့ ရန်ကုန်မှာပဲ ကျင်းပပြုလုပ်သွားမယ်လို့ မီဒီယာ အင်တာ ဗျူးတွေမှာ နေဝင်းက ပြောပြထားပါတယ်။

“ မင်္ဂလာပွဲကိုတော့ ဧပြီလ ၂၅ ရက်နေ့မှာ လုပ်ဖို့ ပြင်ဆင်ထားပါတယ်။ ပွဲလုပ်မယ့် နေရာကိုတော့ မသတ်မှတ်ရသေးဘူး။ ရန်ကုန်မှာပဲ လုပ်ဖြစ်ဖို့ များပါတယ်။ ဟန်းနီးမွန်းကတော့ ဘယ်ထွက်လို့ ထွက်ရမလဲမသိဘူး၊ ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ကြောက်နေရသေးတယ်။ မင်္ဂလာပွဲလုပ်မယ့်နေ့ကတော့ ကျွန်တော့် မွေးနေ့ပါ။ အသက် ၃၀ စွန်းစွန်းလေးပြည့်တယ်ပေါ့ဗျာ” လို့ ဆိုပါတယ်။

နေဝင်းကတော့ ချစ်သူလေး အိမ့်ချစ်ချောကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညက New Years Show ပွဲမှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်တာ ဖြစ်တဲ့အတွက် လူတိုင်း အားကျရလောက်တဲ့ Surprise လေးတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ချစ်သူ သက်တမ်းကတော့ အခုဆိုရင် ၁၀ နှစ်ကျော်လာခဲ့ပြီလို့ သိရပါတယ်။ အိမ့်ချစ်ချောကတော့ Travel Kueen ဆိုပြီးတော့ လူသိများလှတဲ့ ခရီးသွား Blogger လေးတစ်ယောက်ဖြစ်ပါတယ်။

နေဝင်းကတော့ အိမ်ထောင်ပြုပြီးရင်နေထိုင်ဖို့ ချစ်သူလေးစိတ်ကြိုက် အိမ်လေးတစ်လုံး ဝယ်ထားတယ်လို့ သိရပါတယ်။ ချစ်သူကိုလည်း အရမ်းအလိုလိုက်၊ အရမ်းချစ်တတ်သူ တစ်ယောက်လို့တောင် ပရိသတ်တွေက တင်စားထားပါသေးတယ်။

“အခုဆိုရင် ကျွန်တော်တို့နှစ်ယောက်အတူတူနေဖို့ အိမ်လေးဝယ်လိုက်ပြီ။ ဒါလေးတွေကလည်း အရင်ကတည်းက ရည်ရွယ်ထားတာလေးတွေပေါ့နော်။ ကျွန်တော့် ကောင်မလေးကို ချစ်တယ်ဆိုတာကလည်း ကိုယ့်နည်း၊ ကိုယ့်ဟန်လေးနဲ့ ကျူတာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်က အဆိုတော် တစ်ယောက်ဖြစ်နေတာကြောင့် ပရိသတ်က ပိုသတိထားမိတာ ဖြစ်ပါလိမ့်မယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

နေဝင်း(Snare) ကိုတော့ Rap သီချင်းတွေ သီဆိုတဲ့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးသားဖြစ်သလို အဆိုတော် ဖြိုးလေးနဲ့ ပူးပေါင်းပြီး Snare အဖွဲ့ အနေနဲ့ သီချင်းအခွေတွေအများကြီး ထွက်ရှိထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဦးဆောင်တဲ့ Frenzo Production နဲ့ ပူးပေါင်းပြီး သီချင်းအခွေတွေ၊ ဂီတဖျော်ဖြေပွဲတွေ သီဆိုနေတာကိုလည်း တွေ့ရပါတယ်။

Source : Cele Yatkwat

Leave a Comment

Your email address will not be published. Required fields are marked *

This div height required for enabling the sticky sidebar
Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views :