Swel Sone News

Swel Sone News

တော်တော်လေး ထိခိုက်နေတဲ့ မေသန်းနုရဲ့ ကျန်းမာရေးအခြေအနေကိုပြောလာတဲ့ စင်ရော်မောင်မောင်

/
/
88 Views
img

မဆင့်ကို သွားတွေ့တဲ့အချိန်မှာ သူ့မျက်နှာတော်တော်မကောင်းဘူး။ အပြစ်ဒဏ်ခံနေရတဲ့ အချိန်မှာ စိတ်ဓာတ်တွေလည်းကျနေရှာတဲ့ မေသန်းနု အတွက် စိတ်မကောင်းတော်တော်ဖြစ်ရတယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။

သရုပ်ဆောင် မေသန်းနုကတော့ အပြစ်ဒဏ်ခံနေရတဲ့အချိန်မှာ ကျန်းမာရေး တော်တော်လေး ထိခိုက်နေတယ်လို့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်က ပြောပါတယ်။ ဒါပေမယ့် မဆင့်က ဘုရား၊ တရားတော့ အမြဲတမ်း လုပ်နေတယ်လို့ ဆိုပါတယ်။

“မဆင့်ရဲ့ ကျန်းမာရေးအခြေအနေကတော့ နည်းနည်းကျလာတယ်။ ကျွန်တော် သွားတွေ့တုန်းကလည်း သူ့မျက်နှာ တော်တော်မကောင်းဘူး။ သူ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဒီကိစ္စတွေ ကြာလာတော့ သူ စိတ်ဓာတ်ကျတဲ့အကြောင်းတွေ သူ့ကို သွားတွေ့တဲ့သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ တော်တော် ထိခိုက်ရတဲ့အကြောင်းပြောတယ်။ သူ ထောင်ထဲမှာ တရားတွေထိုင်တယ်လို့ သူ့ထောင်ပိုင်တို့ ညွှန်မှူးတို့က ပြောတယ်။ ထောင်ထဲမှာတောင် သူ ဆွမ်းကျွေးတယ်လို့ ကြားတယ်။ ထောင်ထဲကလူတွေ ကတော့ သူတို့ချစ်တဲ့ အနုပညာရှင်တစ်ယောက် အနေနဲ့ စောင့်ရှောက်ကြတယ်လို့လည်း ကျွန်တော်ကြားမိတယ်။ သို့သော် အကြာကြီးတော့ နေဖို့မကောင်းဘူးပေါ့နော်” လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေဆိုခဲ့ပါတယ်။

စင်ရော်မောင်မောင်ဟာ မေသန်းနုရင်ဆိုင်နေရတဲ့ အမှုကိစ္စတွေနဲ့ပတ်သက်ပြီး ပါဝင်ကူညီဖြေရှင်းပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါအမှုမှာ တရားလိုဘက်က တရားမမျှတမှုတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။ မေသန်းနုကို တရားစွဲဆိုထားတဲ့ တရားလို ဒေါ်စန်းစန်းမြင့်နဲ့ ငွေကြေးဆိုင်ရာကိစ္စတွေကို သွားရောက်ညှိနှိုင်းခဲ့ပေမယ့်လည်း တရားလိုဘက်က လက်မခံတာကြောင့် တရားဥပဒေအတိုင်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ်လို့ စင်ရော်မောင်မောင်က ပြောပါတယ်။ ဒီအမှုကို အားတက်သရော ပါဝင်လာခဲ့တာဟာ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ ခံစားချက်ကို ဖခင်တစ်ယောက်အနေနဲ့ မကြည့်ရက်တော့တာကြောင့်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါသေးတယ်။

လက်ရှိမှာလည်း မင်းသန့်မောင်မောင်ဟာ မိခင်ဖြစ်သူရဲ့ အမှုကိစ္စတွေကြောင့် တော်တော်လေးကို စိတ်ထိခိုက်နေတယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။ အမေကို အရမ်းချစ်တဲ့ သားဖြစ်တာကြောင့်လည်း အခုလို ကိစ္စရပ်မျိုးမှာ သာမန်ထက် ပိုပြီး ခံစားနေရတယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

“ သားကလည်း မဆင့်ထောင်ကျတဲ့ညက တော်တော် ထိခိုက်သွားတယ်။ ပြီးတော့ ထောင်မှူးလည်းပါတယ် ထောင်ထဲမှာ တွေ့လိုက်ရတဲ့အချိန်က လှိမ့်နေအောင် သူ ခံစားရတယ်။ နောက်တစ်ခုက သူ့အမေ မွေးနေ့ သူ့ ဖေ့စ်ဘွတ်မှာ ရေးထားတာ တွေ့ရမှာပါ။ သူ အပြင်မသွားဘူး။ အိမ်မှာနေတယ်၊ ကျွန်တော်လည်း အားပေးစကားပြောတယ်။ သူလည်း လူပဲဗျာ စိတ်လည်း တော်တော်လေး ထိခိုက်သွားရှာတယ်။

မေသန်းနုကတော့ လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ထောင်ဒဏ် တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူမကို တရားစွဲဆိုထားတဲ့ ဒေါ်စန်းစန်းမြင့်ကလည်း သင်္ဃန်းကျွန်းတရားရုံးမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုးတရားခံအဖြစ် စွပ်စွဲထားတာဖြစ်ပြီး ကမာရွတ် တရားရုံးမှာလည်း မေသန်းနုကို ထပ်မံ တရားစွဲဆိုထားသေးတယ်လို့ သိရပါတယ်။ သူမအတွက် အနုပညာအသိုင်းအဝိုင်း ကရော၊ ပရိသတ်တွေ၊ မိသားစုတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။

ဆယ်လီရပ်ကွက်

Leave a Comment

Your email address will not be published. Required fields are marked *

This div height required for enabling the sticky sidebar
Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views :