Swel Sone News

Swel Sone News

၇ လအရွယ် သမီးလေး Treasure နဲ့အတူ ကျောင်းလိုက်တက်ပေးခဲ့တဲ့ မေမေစန္ဒီမြင့်လွင်

/
/
66 Views
img

မေမေစန္ဒီမြင့်လွင်က သမီးလေး Treasure နဲ့အတူတူ ကျောင်း လိုက်တက်ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရှားရှားပါးပါး Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ဟာ ဂီတပိုင်းမှာတင်အောင်မြင်ရုံမက သရုပ်ဆောင်ပိုင်းမှာပါ အားသန်သူတစ်ဦးပါ။ အနုပညာမျိုးရိုးဂုဏ်ကြီးသူဖြစ်တာကြောင့်လည်း အနုပညာနဲ့ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်နေတယ်လို့ ဆိုရမှာပါ။

၂၀၁၉ ခုနှစ် ဂျူလိုင်လအတွင်းမှာပဲ သမီးလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ တစ်နေ့တစ်ခြား သူမနဲ့ တူတူလာတာကြောင့်လည်း ဝဝကစ်ကစ်လေးမို့ ပရိသတ်တွေက ချစ်မဝဖြစ်နေခဲ့တာပါ။ သမီးဦးလေးဖြစ်တဲ့ Treasure လေးကို အသည်းခိုက်မတတ်ချစ်တဲ့ မေမေ စန္ဒီမြင့်လွင်က သမီးလေးနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို ဂရုတစိုက်ရှိလှပါတယ်။

ဒီနေ့မှာလည်း ၇ လအရွယ်သူမရဲ့ သမီးလေး Treasure လွင်လေးကို ဦးနှောက်စွမ်းရည် ပိုမိုထက်မြက်လာအောင် Myanmar Plaza မှာရှိတဲ့ ကျောင်းကိုသူမနဲ့အတူ တက်စေခဲ့ပါတယ်။

ဒီ Pre School လေးဟာ လသားလေးကစပြီး မိဘတွေနဲ့အတူတက်ရောက်ရတဲ့ ကျောင်းလေးဖြစ်ပါတယ်။ သမီးလေးရဲ့ အနာဂတ်အတွက်ရှေးရှုပြီးတော့ ခုတည်းက ပြုစုပျိုးထောင်ပေးနေပြီဖြစ်တဲ့ စန္ဒီမြင့်လွင်တို့ သားအမိ နှစ်ယောက်လုံးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။

Cele Star

Leave a Comment

Your email address will not be published. Required fields are marked *

This div height required for enabling the sticky sidebar
Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views :