Swel Sone News

Swel Sone News

အနုပညာအလုပ်တွေထက် ရှေ့နေအလုပ်ကို ပိုဦးစားပေးနေတဲ့ ပြည့်ဖူးခိုင်

/
/
67 Views
img

သရုပ်ဆောင်ပြည့်ဖူးခိုင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် သူတက်ထားတဲ့ ရှေ့နေအလုပ်ကို တစိုက်မတ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရှေ့နေတစ်ယောက်အဖြစ် သူ တာဝန်ယူထားရတဲ့ အပိုင်းတွေကို ပြောပြလာပါတယ်။

“ ရှေ့နေတစ်ယောက်ဆိုပေမယ့် အရမ်းကြီးတဲ့ ရာဇဝတ်မှုမျိုး အမှုကို မလိုက်သေးဘူး။ အခုချိန်မှာ စီးပွားရေးအရ တစ်ယောက်နဲ့တစ်ယောက် စာချုပ်ချုပ်ဆိုကြတဲ့ ကိစ္စလေးတွေဆောင်ရွက်ဖြစ်တယ်။ ဥပဒေနဲ့ ပတ်သက်ပြီး ရုံးတွေမှာ ဆရာမနဲ့ အတူတူ လိုက်နားထောင်ဖြစ်တာတွေတော့ရှိတယ်။ ကိုယ်က မင်းသမီးလည်း ဖြစ်တယ်၊ ရှေ့နေ အလုပ်လည်း လုပ်နေတယ် ဒါကြောင့် ဝတ်စားဆင်ယင်မှုအပိုင်းမှာ သေချာလေး ဂရုစိုက်ရတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပွင့်ဦးဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။

အနုပညာအလုပ်တွေ လုပ်နေရင်းက ပညာရေးဘက်ကို ပိုပြီး ဦးစားပေးလိုက်တဲ့ ပြည့်ဖူးခိုင်က ဥပဒေအလုပ်နဲ့ ပတ်သက်ပြီး တရားခွင်တွေမှာ ကိုယ်တိုင်သွားရောက်လေ့လာလျှက်ရှိတယ်လို့ ဆိုပါတယ်။ အနုပညာရှင်တစ်ယောက်နဲ့ ရှေ့နေတစ်ယောက်ရဲ့ အနေအထားတွေက ကွာခြားတယ်ဆိုတဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပြန်ပါသေးတယ်။

“ မင်းသမီးတစ်ယောက်ဆိုပေမယ့် ဥပဒေအကြောင်း သေချာနားမလည်ပဲ ရှေ့နေလုပ်လည်း အရည်အချင်းမရှိဘူးပေါ့နော်။ စာတွေလည်း အများကြီးဖတ်ရတယ်။ အခုလက်ရှိမှာလည်း ဆရာမနဲ့ လက်တွဲပြီး အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်အတွေ့အကြုံတွေ သိပ်မရှိသေးပါဘူး။ မဟုတ်ပဲ ရှေ့နေတစ်ယောက်အနေနဲ့ ကိုယ့်ဆီကို အမှုသည်တွေက မသိတာ၊ နားမလည်တာ လာမေးတာမျိုးဆိုရင် သေချာ ရှင်းပြပေးတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး နားလည်တဲ့ အတတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် အမှုသည်တွေကလည်း သူတို့ လိုချင်တဲ့ အရာလေးတွေ၊ ပြောပြချင်တာလေးတွေကို တလေးတစားနဲ့ တိုင်ပင်ကြပါတယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

ပြည့်ဖူးခိုင်ဟာ အနုပညာအလုပ်ကိုလည်း ဝါသနာကြီးသူ ဖြစ်တာကြောင့် မစွန့်လွှတ်နိုင်သေးဘူးလို့ သိရပါတယ်။ လက်ရှိမှာ တီဗီကြော်ငြာလေးတွေသာ ရိုက်ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ သူကိုယ်တိုင်ရိုက်ချင်တဲ့ ဇာတ်ရုပ်လေးတွေကို စဉ်းစားထားတာ ဖြစ်တဲ့အတွက် ဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းတဲ့အခါ တိုက်ဆိုင်မှုရှိတဲ့ ကာရိုက်တာမျိုးဆို လက်ခံရိုက်ကူးသွားမယ်လို့လည်း အင်တာဗျူးမှာ ထည့်သွင်းပြောပြခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေလက်ခံနိုင်မယ့် ဇာတ်ကားမျိုး ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

ပြည့်ဖူးခိုင်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာပါ။ အဲဒီနောက် ဂီတနဲ့ ပတ်သက်ပြီး သီချင်းလေးတွေလည်း သီဆိုခဲ့သလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပြီး ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။စွယ်စုံရအနပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမကတော့ အနပညာအလုပ်တွေကနေရပ်နားထားပေမယ့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်

Leave a Comment

Your email address will not be published. Required fields are marked *

This div height required for enabling the sticky sidebar
Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views :