Swel Sone News

Swel Sone News

ကလေးမွေးထားပြီးပေမယ့် အပျိုတုန်းကထက်တောင်ပိုလှလာတဲ့ မြန်မာမင်းသမီး (၈)ဦး

/
/
204 Views
img

ကလေးတစ်ယောက်ကို ဂရုတစိုက်နဲ့ သေသေချာချာ ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကူဖော်လောင်ဖက်တွေ ဘယ်လောက်ရှိရှိ မိခင်ရယ်လို့ဖြစ်လာရင် ကိုယ့်သားသမီးကို ကိုယ်တိုင် အနီးကပ်စောင့်ရှောက်ချင်ကြတာချည်းပါပဲ။ စီးပွားလည်းရှာ၊ ကလေးလည်းထိန်းရတဲ့ မိခင်တွေအနေနဲ့ အပျိုတုန်းကလို ကိုယ့်ကိုကိုယ်တောင် သိပ်ပြီး ပြင်ဆင်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်သားမွေးတစ်သွေးလှဆိုတဲ့ စကားဆိုတဲ့အတိုင်း ကလေးမွေးပြီးမှ ပိုပိုလှလာတဲ့သူတွေရှိကြောင်း မြန်မာမင်းသမီးလေးတွေနဲ့ သက်သေပြလိုက်ပါတယ်နော်။

ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်

အနုပညာလောကမှာ ဆယ်စုနှစ်နှစ်ခုကျော်စာ နေရာယူထားနိုင်သူလေးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က မင်းသားချော ပြေတီဦးနဲ့ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရ ဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အခုဆိုရင် အသက် (၄၂) နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် သူမရဲ့အလှကတော့ နုပျိုနေဆဲ ဖြစ်ပါတယ်။

ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်

ချင်းလူမျိုး သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့်ကလည်း အကယ်ဒမီဆုများစွာကို ရရှိပိုင်ဆိုင်ထားပြီး အားချစ်နဲ့ လဝန်းမေဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ အသက် (၃၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ သက်မွန်မြင့်က တစ်သားမွေးတစ်သားလှဆိုတဲ့စကားအတိုင်း အိမ်ထောင်ကျ ကလေးမွေးပြီးမှ အရင်ကထက် ပိုလှလာသူလေး ဖြစ်ပါတယ်။

သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေ

သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန် စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပရိသတ်အချစ်တွေကို ရရှိထားသူလေး ချစ်သုဝေက အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျပြီး အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်ကို မွေးဖွားထားသူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ပျိုလို့ ကိုယ်နုတဲ့ ချစ်သုဝေက အသက် (၃၅) နှစ်ရောက်သည့်တိုင် လူငယ်လေးလို လန်းဆန်းလှပနေဆဲပါ။

သရုပ်ဆောင် မယ်လိုဒီ

မယ်လိုဒီကလည်း ချစ်စရာကောင်းပြီး လိမ္မာတဲ့ သားလေး သဒ္ဓိစစ်ရဲ့ မေမေ အချောအလှလေးတစ်ယောက် ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ဖြူဖြူဖွေးဖွေးလေးနဲ့ အရမ်းလှတဲ့ မယ်လိုဒီက အသက် (၃၈) နှစ်ရောက်သည့်တိုင် ကိုရီးယားမလေးလို ကြည်လင်တဲ့အသားအရည်လေးနဲ့ လှနေဆဲပါ။

သဉ္ဇာနွယ်ဝင်း

အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး သဉ္ဇာနွယ်ဝင်းက အခုဆိုရင် ကျော်မျိုးမြင့်နဲ့ သဉ္ဇာမျိုးမြင့်ဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်တော့တဲ့ သဉ္ဇာနွယ်ဝင်းက အခုချိန်ထိ ချစ်စရာကောင်းနေဆဲပါ။

ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ် စမိုင်းလ်

ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်တစ်ယောက်ဖြစ်တဲ့ စမိုင်းလ်က ပေါ်ရှာနဲ့ ကလိုဝီဆိုတဲ့ သမီးနှစ်ယောက်ကို မွေးဖွားထားတဲ့ မေမေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စမိုင်းလ်ကတော့ အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်မှုတွေတိုးပြီး ပိုလှလာသူတစ်ယောက် ဖြစ်ပါတယ်။

ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်

ပရိသတ်တွေက မပွတ်ကျွတ်လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်က အရွယ်ရောက်ပြီး သမီးလေး စံထိပ်ထားဦးရဲ့ မေမေပဲ ဖြစ်ပါတယ်။ သမီးနဲ့အပြိုင် နုပျိုတဲ့ ခိုင်သင်းကြည်က အသက် (၄၉) နှစ်ရောက်သည့်တိုင် နုပျိုနေဆဲ ဖြစ်ပါတယ်။

အကယ်ဒမီ ချောရတနာ

“ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရခဲ့တဲ့ မင်းသမီး ချောရတနာကတော့ သားတစ်ယောက် သမီးတစ်ယောက်ကို မွေးဖွားထားတဲ့ မေမေတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ အလှကတော့ ငယ်ငယ်ကအတိုင်း လှနေဆဲပါပဲ။ ပရိသတ်ကြီး သိတဲ့ ကလေးမေမေထဲမှာရော ဘယ်သူတွေက လှလဲပြောပြခဲ့ဦးနော်။

မိုမိုလေး

Leave a Comment

Your email address will not be published. Required fields are marked *

This div height required for enabling the sticky sidebar
Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views : Ad Clicks : Ad Views :